Saturday, August 4, 2012

အနာဂတ်ရိုဟင်ဂျာအန္တရယ်အရေးတွေးနေယုံဖြင့်မပျယ်


ဩဂုတ်လ သုံးရက်နေ့က ပါကစ္စတန်၊ အင်ဒိုနီးရှား နဲ့ မလေးရှားမှာ
ရိုဟင်ညာတွေ အတွက်ဆန္ဒပြ နေတာပါ။ ဒါကလူမြင်ကွင်းမှာမို့ သိပ်ကြောက်
စရာမလိုပေမဲ့ အာရကန် ပရိုဂျက် က ခရစ်လျှူဝါလို ရိုဟင်ဂျာအကြောင်းကို အပ်ကျတာကအစသိပါတယ်ဆိုတဲ့အမျိုးသမီးမျိုးတွေ လူ့အခွင့်အရေး
စောင့်ကြည့်ရေး အဖွဲ့လို အိုင်စီဂျီအဖွဲ့လို အနောက်အင်အားကြီး
နိုင်ငံတွေရဲ့ အာဘော်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကနေ ထိုးနှက်ချက်တွေဟာ မြန်မာပြည်သူ
တွေအတွက် ဘာသာစကား
အဆီးအတားကြောင့်မသိသာ သလိုထင်ရပေမဲ့ တိုင်းပြည်အတွက် 
အလွန်အထိနာလှပါတယ်။ 

နိုင်ငံလုံခြုံရေးအတွက် အိန္ဒိယ တရုတ် ရုရှား တို့နဲ့နားလည်မှူရထားတယ်
ဆိုပေမယ့် သူတို့တွေလည်း လေလှိုင်းစစ်ပွဲမှာတော့ ခံစစ်ကနေတိုက်စစ်
အသွင်ပြောင်းလည်းကြိုးစားဆဲဖြစ်ပါတယ်။ လက်ရှိမြန်မာ့အုပ်ချုပ်ရေးနဲ့
နိုင်ငံခြားရေးမှာ တာဝန်ယူထားတဲ့သူတွေအနေနဲ့ အင်ဒိုနီးရှားလို 
လူမျိုးစုများတဲ့ နိင်ငံမှာတောင် အရှေ့တီမောကပေးခဲ့တဲ့ သင်္ခန်းစာကို
အသုံးချပြီး (အဲဒီအဖြစ်အပျက်မှာ အင်ဒိုနီးရှားဟာ တီမောပင်လယ်ထဲက 
ကမ်းလွန်ရေနံ တွင်းတွေပါ ဆုံးရှုံးခဲ့ရတယ်) အာချေ တွေကို ဘယ်လို
ထိမ်းထားလဲ ဘရာဇီးလို လူမျိုးစုများပြီး နယ်မြေကျယ်ဝန်းတဲ့ နိုင်ငံမှာ
နှစ် ပေါင်းနှစ် ဆယ်ကျော်ကြာ ဒုစရိုက်၊ မူးယစ်ဆေး နဲ့ ခွဲထွက်ရေး
ပြဿနာတွေကြားထဲက ကမ္ဘာ့ ထိပ်တန်း အဆင့်မှီ စီးပွါးရေးအင်အားကြီး
နိုင်ငံဖြစ်လာအောင်ဘယ်လိုကြိုးပန်းခဲ့လည်းဆိုတာ အချိန်ရှိတုန်း လေ့လာ 
အသုံးချရမှာဖြစ်ပါတယ်။ 

ရိုဟင်ဂျာအလိုမရှိ လို့အော်နေလို့မရတော့ပါဘူး။ကျွန်တော်တို့ထွက်အော်ရင် 
"အစိုးရလိုလားသူများလို့" နာမည်တပ်ကြပါလိမ့်မယ်။ လွှတ်တော်ထဲအော်ရင် 
စစ်တပ်ဩဇာသက်ရောက်တဲ့ လွှတ်တော် လို့ နာမည်တပ်ကြပါလိမ့်မယ်။ 
အမေစုတို့လိုအတိုက်အခံတွေကပါပေါင်း ပြီး တညီတညွတ်ထဲ ပြောပြော 
အခု ချက်ချင်း ရွေးကောက်ပွဲ လုပ် အမေစုတို့ကို အစိုးရခန့်ပြီး ဥပဒေကြမ်း 
ဥပဒေချော ရေးဆွဲပြီး ကျေညာချက် ထုတ်လည်း ရိုဟင်ညာလူနည်းစု ကို မတရားဖိနှိပ်တယ်လို့ ပြောကြဦးမှာပါ။ 

နိင်ငံသားပေးတယ်ဆိုရုံနဲ့တင် မပြီးဘူးဆိုတာ မြန်မာ့အရေးမှာ 
အရေးပါအရာရောက်တဲ့သူတိုင်းသိကြပါတယ်။ ဘင်္ဂလား အိန္ဒိယ ပါကစ္စတန်
စသဖြင့် နိုင်ငံတွေမှာ ဒုက္ခသည် စာရင်းပေးထားတဲ့သူတွေကိုပါ 
ရခိုင်မှာ (အိမ်ဆောက် လယ် မြေပေးပြီး) အခြေပြန်ချ ပေးဖို့ရန်တောင်းဆို
မှူတွေ တောက်လျှောက်လာဦးမှာပါ။ အဲဒါတွေပြီးရင် ဘာသာမတူ စကားမတူ 
ယဉ်ကျေးမှူမတူတာမို့ သူတို့အနေနဲ့ အာဖဂန်နီစတန်လို သီးသန့်
နေချင်ကြဦးမှာ။ အင်ဒိုနီးရှား မလေးရှားက အခုအော်နေကြတယ်
ဆိုတာကလည်း လက်ရှိသူတို့တွေဆီမှာ ဒီဘင်္ဂါလီတွေ နှစ်သောင်းက နေ
ငါးသောင်းနီးပါးရှိလို့ သူတို့လည်း နောက်လာမယ့် ဆယ်နှစ်အရေးကို
တွေးပြီးကြောက်နေတာလည်းပါမယ် ထင်ပါတယ်။ 

လက်ရှိမှာ သမ္မတ တစ်ယောက်ဘဲ နိုင်ငံတစ်ကာတရားရုံးဘဲရောက်ရောက်
ဆိုပြီး ခေါင်းခံထားတယ်။ သူခေါင်းခံ ခဲ့တာ အတိုင်းအတာ အချိန်ပိုင်း တစ်ခု
အထိဘဲ သက်ရောက်မှူရှိမှာပါ။ နိုင်ငံတစ်ကာက ဆက်တိုက်ပေးလာတဲ့ 
ဖိအားပေါ်မူတည်ပြီး နောက်ထက် ရင်ဆိုင်ဖို့ နည်းလမ်းရှာရဦးမှာပါ။ 
သမ္မတကြီးကလည်း နည်းလမ်းရှာပါလို့ဘဲ အားလုံးကို ပြောပါတယ်။ 
ခက်တာက ဒါကို ဘယ်သူမှ နားမထောင်ဘဲ မြန်မာပြည်ကိုဘဲ
ဖိအားပေးနေတာပါ။ ကျွန်တော်တို့လို တိုင်းပြည်ချစ်စိတ် ရှိတဲ့သူတွေက
တက်နှိုင်သလောက် ကျရာနေရာမှာ ပါဝင်နေ/ပါဝင်ဖို့ အသင့်ဖြစ်နေပေမယ့် 
လိုအပ်တာက တကယ် တာဝန်ယူ တာဝန်ခံထားတဲ့သူတွေက အခုအချိန်မှာ
ရှေ့ကိုထွက်ပြီး ဒီစွတ်စွဲချက်တွေကို မဖြစ်မနေ ရင်ဆိုင်ရမှာပါ။ သူတို့တွေ
ဆွေးနွေးပွဲလုပ်သလို ကိုယ့်ဘက်ကလည်း ရိုဟင်ညာကိစ္စကို 
ဆွေးနွေးပွဲတွေလုပ်သင့်ပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ အားနည်းလို့
နောက်ချန်နေစရာမလိုပါ။ အင်္ဂလိပ်လူမျိုးကို အင်္ဂလိပ်စကားနဲ့ ကျွန်တော်
တို့လိုမြန်မာမပြောနဲ့ စကော့တစ်ရှ်တွေ အိုင်းရစ်တွေ ဝဲလ်ရှ်တွေတောင်
ယှဉ်မပြောနိုင်ပါဘူး။ ကိုယ်ကအချက် မှန်ဖို့ အရေးကြီးပါတယ်။

ဥပမာ ရိုဟင်ဂျာ အလိုမရှိ လို့အော်မယ့်အစား ငါတို့ရဲ့ ရိုဟင်ညာ
ပြဿနာကို ကူညီဖြေရှင်းပေးကြပါ (Help us solve Rohingya issue) လို့ အော်တာ ပိုအကျိုးရှိ ပိုထိရောက်ပါတယ်။
ကုလ အလိုမရှိလို့ အော်မယ့်အစား ကုလ ဘက်လိုက်မှူ ကင်းစေရေး 
(UN, give us a fair go!) တို့ (Free and Fair UN in Rakhine) 
ဆိုရင် ပိုပြီးထိရောက်တယ် ရှင်းပြပြီးသားလည်းဖြစ်မယ်။

မြန်မာပြည်မှာ ဆွန်နီ အစ္စလာမ်ရှိတယ် ရှီရိုက် အစ္စလာမ်ရှိတယ် 
အီရက်မှာလိုပေါ့။ ဘင်္ဂါလီတွေက ဆွန်နီ အစ္စလာမ်ကိုးကွယ်တယ်။
အဲဒီတော့ပြည်တွင်းနေ ကိုးကွယ်သူတွေအထဲမှာတောင် ကွဲပြားမှူရှိတယ်။ 
အားလုံးကို ချုံး ပြီး ပြည်တွင်းနေအစ္စလာမ် ကိုးကွယ်သူတွေ သဘောထား
ဆိုပြီးလုပ်လို့မရဘူး။ ဒါတွေကိုသိအောင် လုပ်ရမယ်။ အဲဒီလိုမျိုးပေါ့လေ အရည်အချင်းပြည့်တဲ့သူများ တတ်နှိုင်သလောက် ထပ်ပြီးပါဝင်ကူညီ
စဉ်းစားပေးကြပါဦး လို့တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment